⚖️ နေ့စဉ်ဘဝ ဥပဒေအသိများ

လူတိုင်းသိသင့်သည့် အခြေခံဥပဒေရေးရာ အချက်အလက်များ

00:00:00

ဤကဏ္ဍတွင် နေ့စဉ်ဘဝနှင့် ဆက်စပ်နေသော အခြေခံဥပဒေအချက်အလက်များ၊ စားသုံးသူအခွင့်အရေးနှင့် လုပ်ငန်းရှင်များအတွက် အသုံးဝင်မည့် ဥပဒေအကြံပြုချက်များကို ဖော်ပြထားပါသည်။

စားသုံးသူအခွင့်အရေးများ

လုပ်ငန်းရှင်များနှင့် အလုပ်သမားများအတွက်

နေ့စဉ်ဘဝအတွက် ဥပဒေအကြံပြုချက်များ

အိမ်ငှားစာချုပ်

အိမ်ငှားစာချုပ်ချုပ်ဆိုသည့်အခါ ငှားရမ်းခ၊ အာမခံငွေ၊ ငှားရမ်းကာလ၊ ပြင်ဆင်ခွင့်တို့ကို စာဖြင့်ရှင်းလင်းစွာချုပ်ဆိုပါ။ အာမခံငွေပြန်အမ်းမည့်အခြေအနေကိုကြိုတင်သတ်မှတ်ပါ။

ကုန်ပစ္စည်းဝယ်ယူခြင်း

အွန်လိုင်းမှဝယ်ယူသည့်အခါ ရောင်းချသူ၏အချက်အလက်များ (ဆိုင်/လူအမည်၊ ဖုန်း၊ လိပ်စာ) ကို သေချာစစ်ဆေးပါ။ ငွေလွှဲခြင်းမပြုမီ ကုန်ပစ္စည်းအလုံအလောက်ရှိမရှိ မေးမြန်းပါ။

ချေးငွေ/အကြွေး

ငွေချေးသည့်အခါ ချေးငွေပမာဏ၊ အတိုးနှုန်း၊ ပြန်ဆပ်ရမည့်ရက်ကို သက်သေခံစာချုပ်ချုပ်ဆိုထားပါ။ အတိုးနှုန်းများလွန်းပါက အကျပ်ကိုင်ခံရနိုင်သည်ကို သတိပြုပါ။

အွန်လိုင်းလုံခြုံရေး

ကိုယ်ရေးအချက်အလက်များ (အမည်၊ ဖုန်း၊ မှတ်ပုံတင်၊ ဘဏ်အကောင့်) ကို မသိသောသူများအား မပေးသင့်ပါ။ ငွေကြေးလိမ်လည်မှုခံရပါက ရဲစခန်းတွင် အမြန်ဆုံးတိုင်ကြားပါ။

အသုံးဝင်သော ဥပဒေဆိုင်ရာ လင့်ခ်များ